သတင်းများ

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jul 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံ မြို့ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (အမက-၅) တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 08,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အခြေခံပညာ မူလတန်း ကျောင်း (အမက-၅) ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
အုန်းကွဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေးအကြောင်း အသိပညာပေးဟောပြော
Jul 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အုန်းကွဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို
ဆီဆိုင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေး
Jul 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ်ခွဲအောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက် ရှိသည်။
ဇီးကုန်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Jul 08,2022
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိသည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်
Jul 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းအစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စကားပုံဆက် ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Jul 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို စကားပုံဆက်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ ညနေ (၃) နာရီအချိန်က ကျင်းပသည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်​မြင့်မားရေး အသိပညာပေး ဆွေးနွေး
Jul 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့​ နံက်ပိုင်က စစ်တဝင်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် ကျေးရွာဘုန်းကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။