ငပုတော စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အတွက်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈)နာရီအချိန်က လူစည်ကားရာ နေရာဖြစ်သည့် မြို့ဝင်ဂိတ်နှင့်အုန်းပင်စု-သက္ကယ်ချောင်းလမ်းဆုံတို့တွင်အဖွဲ့ (၂ )ဖွဲ့ခွဲ၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေနှင့် တာဝန်ရှိသူများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ပြောကြားခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်၍ ယခုအခါ ပညာပေးကာလ ပြီးဆုံးပြီဖြစ်ပါသဖြင့် စည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်ခြင်းမရှိသည့် ယာဥ်/ ဆိုင်ကယ်များအား ဥပဒေနှင့်အညီ ကြပ်မတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)