သတင်းများ

ပင်လောင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ(RBF) စာချုပ်ချုပ်ဆိုပွဲ အခမ်း အနားပြုလုပ်
Oct 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တောင်ထီဗွာကျေးရွာအုပ်စု စင်းဆင်းကျေးရွာတို့ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ(RBF) စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြောင်းမြို့၌ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ဥပုသ်ရက်ကုသိုလ်အဖြစ် ယမန်နေ့နံနက်က ဘိုးဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး Talk Show ကျင်းပပြုလုပ်
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံရေးသင်တန်း ( ၁/ ၂၀၂၂)ဖွင့်လှစ်
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်၊ သဘာဝဘေး အန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက
ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်း၊ သီတာဆိပ်မှတ်တိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (လမ်း၅၀)မှတ်တိုင်နှင့် အနော်ရထာလမ်း (လမ်း၅၀)မှတ်တိုင်တို့တွင် Mask Campaign ပြုလုပ်
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်   မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက Mask Campaign အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဥက္ကဋ္ဌ ဦးဝေယံကျော် ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင် ဆောင်ရွက်ပြီး ယနေ့နံနက် ၉ နာရီမှစတင်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆးသည်။
ဖြူးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး
Oct 03,2022
ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီမှ စတင်ကာ ဖြူးအရှေ့ ရပ်ကွက်ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။