ပုဇွန်တောင် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက Mask Campaign အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးလက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ဝန်ထမ်းများက အောက်ပုဇွန်တောင်လမ်း သီတာဆိပ်မှတ်တိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်း၅၀)မှတ်တိုင်နှင့် အနော်ရထာလမ်း(လမ်း၅၀)မှတ်တိုင်တို့တွင် Mask တပ်ဆင်သွားလာရောင်းဝယ်ကြပါရန်၊ ကူးစက်မြန် ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှုပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ အသိပညာပေးလက်ကမ်း စာစောင်နှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းဖြင့် Mask Campaign ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်