ဇီးကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်

ဇီးကုန်း     အောက်တိုဘာ   ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဇီးကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်တို့မှ မီးသတ်တပ်ဖွဲ့ဝတ်စုံများ ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ BASET အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ပစ္စည်းများအသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးဘိုဘိုထွန်းတိုမှ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာလ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)