ညောင်လေးပင် အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးနိုင်မှ အားကစားလုပ်ခြင်းသည် ကျန်းမာရေးနှင့်ကိုက်ညီကြောင်း၊ ကျန်းမာရေးနှင့်အညီ အားကစားပြုလုပ်လျှင် ရရှိမည့် အကျိုးကျေးဇူးများအကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)