သတင်းများ

ချောင်းသာ၌ ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများထံသို့ ငါးမျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ငါးစားသောက် ကုန်များ ဝယ်ယူရရှိစေရန်နှင့် ရပ်ကွက်တွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ပစ္စည်းဝယ်ယူစု ဆောင်းသူလုပ်ငန်းရှင်များ စုပေါင်းပြီး ပြည်သူများထံသို့ ငါးမျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁၂:၀၀)အချိန်က သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန့်တော့ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုတားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှု ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လင်းလွန်း(တောင်) ရပ်ကွက်တွင် နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဂွမြို့တွင် အခြေခံစားသောက်ကုန်များအား  ဒုတိယအကြိမ် ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Oct 03,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်  ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်   ယနေ့နံနက် ၇ နာရီ အချိန်က  မြို့မရပ်ကွက်ရှိ စည်ပင်သာယာပန်းခြံရှေ့တွင်  လက်ရှိပေါက်ဈေးထက်လျော့၍ ရောင်းချပေးခဲ့သည်။
ရပ်စောက်မြို့နယ် ကျောက်မီးခတ်ကျေးရွာတွင် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်
Oct 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်မီးခတ်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြော
Oct 03,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်သည်။
စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Oct 03,2022
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ
စလင်းမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်းထိုးနှံခြင်းဆောင်ရွက်
Oct 03,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့‌‌နံနက် ၉ နာရီအချိန်က ပေါင်းနားရပ်ကွက် မင်းအာကာဘုရားတန်ဆောင်းအတွင်းနှင့် မြို့ပေါ်စုရပ်အသီးသီးတွင် ထိုးနှံခြင်းတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။