ဖြူး အောက်တိုဘာ ၃
ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီမှ စတင်ကာ ဖြူးအရှေ့ ရပ်ကွက်ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် (၂လ၊ ၄လ၊ ၆လ၊ ၉လမှ တစ်နှစ်ခွဲ အရွယ်အထိ) ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက် အမြှေးရောင်) စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ကျန်းမာရေး ဆရာမများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)