သတင်းများ

ဇီးကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးသွင်းရန်ကျန်ရှိမှုမရှိစေရေး တွေ့ဆုံဆွေးနွေး
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအားဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 03,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပခဲ့သည်။
ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီက ပြည်အနောက် ရပ်ကွက်ရှိ ကလေးဆေးရုံဝန်းအတွင်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခဲ့ကြောင်း သိရသည်။
ချောင်းသာ၌ ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများထံသို့ ငါးမျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ငါးစားသောက် ကုန်များ ဝယ်ယူရရှိစေရန်နှင့် ရပ်ကွက်တွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ပစ္စည်းဝယ်ယူစု ဆောင်းသူလုပ်ငန်းရှင်များ စုပေါင်းပြီး ပြည်သူများထံသို့ ငါးမျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁၂:၀၀)အချိန်က သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန့်တော့ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုတားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှု ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လင်းလွန်း(တောင်) ရပ်ကွက်တွင် နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဂွမြို့တွင် အခြေခံစားသောက်ကုန်များအား  ဒုတိယအကြိမ် ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Oct 03,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်  ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်   ယနေ့နံနက် ၇ နာရီ အချိန်က  မြို့မရပ်ကွက်ရှိ စည်ပင်သာယာပန်းခြံရှေ့တွင်  လက်ရှိပေါက်ဈေးထက်လျော့၍ ရောင်းချပေးခဲ့သည်။
ရပ်စောက်မြို့နယ် ကျောက်မီးခတ်ကျေးရွာတွင် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်
Oct 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်မီးခတ်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။