သရက်ချောင်းမြို့နယ်တွင် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်
Oct 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇ ပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ညနေက သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။