သတင်းများ

ဝေါမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲကျင်းပ
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်စွမ်းရည်ထက်မြက်စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲကို အောက်တိုဘာ(၃ )ရက်နေ့နံနက်(၁၀)နာရီက ဝေါမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Oct 03,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ သံရည်ကျိုလုပ်ငန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု
Oct 03,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်း က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ်(၂၉)ရှိ ဦးအေးဝင်း၏ သံရည်ကျိုပုံလောင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး Mask Campaign အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ရန်ကုန်-မန္တလေးသွားလမ်း၊ အုတ်တွင်းမြို့အထွက် ဟင်းငုပ်ပင်ဂိတ်နေရာ၌ ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Oct 03,2022
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများနှင့် လူမှုအားမာန်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး (Talk Show ) ရိုက်ကူး
Oct 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး (Talk Show) ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်သစ္စာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နယ်လှည့် မူးယစ်ဆေးဝါးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၀)ရှိ အောင်သစ္စာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးဝန်ထမ်းများက နယ်လှည့်နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူ
Oct 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို အောက်တိုဘာ ၃ ရက် နံနက် ၁၁ နာရီက အမှတ်(၈)ရပ်ကွက် ဗလမင်းထင်လမ်းဆုံ၌ ကျင်းပခဲ့သည်။