ပင်လောင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ(RBF) စာချုပ်ချုပ်ဆိုပွဲ အခမ်း အနားပြုလုပ်

ပင်လောင်း  အောက်တိုဘာ  ၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တောင်ထီဗွာကျေးရွာအုပ်စု စင်းဆင်းကျေးရွာတို့ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ(RBF) စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင် ဦးခွန်ကျော် မင်းထွန်းတို့က အမှာစကားပြောကြားကြပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ကျေးရွာမှဆောင်ရွက်သွားမည့် အဆင့်မြင့်လက်ဖက်ခြောက်(Green Tea) လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ပေးကြရန်နှင့် လက်ဖက်နှင့်ပတ်သက်သည့် သင်တန်းများကိုလည်း  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အဆင့်မြင့်လက်ဖက်ခြောက်(Green Tea) လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် စင်းဆင်း​ကျေးရွာအား ငွေကျပ်သိန်း (၂၅၀) ထုတ်ချေးပေးခဲ့ရာ၊ အဆိုပါ ချေးငွေထုတ်ပေးခြင်း စာချုပ်ကို ကျေးရွာမှ ကော်မတီအဖွဲ့များနှင့် ဌာနမှတာဝန်ရှိသူတို့က စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အခမ်းအနားသို့ တက်ရောက် လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာမှ ပြည်သူများတို့က စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး