ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ဒိုက်ဦး  အောက်တိုဘာ  

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဥက္ကဋ္ဌ ဦးဝေယံကျော် ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင် ဆောင်ရွက်ပြီး ယနေ့နံနက် နာရီမှစတင်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆးသည်။

တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဆေးခြောက်များပါဝင်သော အစားအသောက်နှင့် မုန့်မျိုးစုံရောင်းချနေမှု ရှိ/မရှိိကို ယခုလိုသက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် က ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)