မြောင်းမြို့၌ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မြောင်းမြ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ဥပုသ်ရက်ကုသိုလ်အဖြစ် ယမန်နေ့နံနက်က ဘိုးဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးသက်၏ ဦးဆောင်မှုဖြင့် မြောင်းမြမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန် ထမ်းများက ဘိုးဘွားများ သက်ရှည်ကျန်းမာပြီး အေးချမ်းစွာ တရားဘာဝနာရှုမှတ်ပွားများ နေထိုင်နိုင်ရေးအတွက် ဘူဒင်းကွင်းရေကျော်နှင့် ရှမ်းရေကျော် ဘုန်းကြီးကျောင်းများတွင် ဘိုးဘွား (၉၃)ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ သွေးချိုဖောက် စစ်ပေးခြင်း၊ အားဆေး၊ သွေးပေါင်ကျဆေး၊ ဆီးချိုဆေးများ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ပြန်/ဆက်