သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် ယာဥ်အန္တရာယ် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များအား အောက်တိုဘာလ ၃ ရက်နေ့ ညနေ က ပုသိမ် ရန်ကုန်ကားလမ်းမကြီး လမ်းဘေးဝဲယာရှိ ကျေးရွာများတွင် စိုက်ထူခဲ့ကြကြောင်းသိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမဲ့သင်ကြားဖွင့်လှစ်
Oct 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အတွင်း လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ အသက် ၈၅ နှစ်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံပေးအပ်
Oct 04,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနက သက်ကြီးဘိုးဘွားများ ကျန်းမာသန်စွမ်း၍ အဟာရပြည့်ဝစွာ စားသောက်နေထိုင်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ဒေါင့်ကြီးကျေးရွာအုပ်စုတို့ရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၉၈)ဉီးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
တစ်ပိုင်တစ်နိုင် ဒေသကြက်(ခေါ်)ဗမာကြက်များ မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ
Oct 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကိုအဓိကထား လုပ်ကိုင်သည့်မြို့ဖြစ်ပြီး အဆိုပါလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဒေသကြက်( ခေါ်) ဗမာကြက်များ ဈေးကောင်းပေးဝယ်နေ၍ ကြက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ၌ အမှတ်(၆)ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀) ပြည်အား သွားရောက်ရောင်းချ ပေးခဲ့သည်။
သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၅၀၀) မီးမျှောပူဇော်ပွဲကျင်းပမည်
Oct 04,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရား၏ အင်းရေပြင်၌ သီတင်းကျွတ်လပြည့်ညတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများစုပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
မချမ်းဘော့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 04,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်ရေး၊ လက်များ မကြာခဏ ဆေးကြောခြင်းနှင့် လူစုလူဝေးရှိရာ နေရာများသို့ သွားလာခြင်းများ မပြုလုပ်ကြရန် အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့်နှာခေါင်းစည်း) အခမဲ့ဖြန့်ဝေခြင်းများကို စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီက မြို့မစျေးနှင့် ဂူဘားလမ်းလမ်းဆုံတို့၌ ဆောင်ရွက်ခဲ့သည်။