သံတောင်ကြီးမြို့တွင်ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
Oct 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၊ ဘုရင့်နောင်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် ခင်မောင်စိုး၏ လမ်းညွန်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ဘုရင့်နောင်တပ်နယ်ရှိ တပ်မတော်သားများက သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်လမ်းဆုံတွင် ဆန်၊ စားအုန်းဆီ၊ အသားငါး များ၊ ကြက်ဥနှင့်အခြေခံစား သောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။