ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

ပြင်စလူ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများစုပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး‌ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာ ကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ "Mask" တပ်ဆင်သွားလာရန်စသည့် အသိပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး မြို့‌ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများဖြစ်သော မြို့ဝင်သင်္ဘောဆိပ်၊ ကုန်စုံဆိုင်များ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များအား သိရှိလိုက်နာနိုင်စေရန် အသိပညာပေး‌လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်စလူ (ပြန်/ဆက်)