သတင်းများ

အုတ်ဖိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Oct 04,2022
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က အ.မ.က လယ်ပြင် ကျောင်းတွင် ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Oct 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ရိုက်ကူးထုတ်လွှင့်
Oct 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ပြုလုပ်သည်။
သဲကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ကန်တော့၍ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသ
Oct 04,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ကန်တော့၍ တိုင်းရင်းဆေးကုဌာနမှ  တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသခြင်းကို  ယမန်နေ့က ရပ်ကွက်(၄)တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်၌ Mobile စနစ်ဖြင့် စာငှားခြင်းလုပ်ငန်းများဆောင်ရွက်ပေး
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် Online ပုံပြောခြင်းအစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ ကဗျာရွတ်ခြင်များကို online မှ တစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များပြည်သူ့စာကြည့်တိုက်သို့ လာရောက်မဌားရမ်းနိုင်သည့်ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား mobile စနစ်ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် ဝင်းစိန်တောရ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ နေ့စဉ်အခမဲ့ လှူဒါန်းဖြန့်ဖြူးပေး
Oct 04,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အိုးများကို နေ့စဉ်မပြတ် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 04,2022
သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက (အ.ထ.က )သဲကုန်းကျောင်းတွင် ယမန်နေ့ကစာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ဒေသထွက်ချဉ်ပေါင်ဖာလာများ ဈေးနှုန်းကျဆင်း
Oct 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိရာ  ချဉ်ပေါင်ဖာလာပင်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း  တစ်ခုအပါ အဝင်ဖြစ်သည်။ သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက် ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခု‌ အောက်တိုဘာလပထမပတ်တွင် ဖာလာဈေးနှုန်း များကျဆင်းလျက်ရှိကြောင်းသိရသည်။