ငါးသိုင်းချောင်းမြို့၌ အသက် ၈၅ နှစ်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံပေးအပ်

ငါးသိုင်းချောင်း အောက်တိုဘာ ၄

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနက သက်ကြီးဘိုးဘွားများ ကျန်းမာသန်စွမ်း၍ အဟာရပြည့်ဝစွာ စားသောက်နေထိုင်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ဒေါင့်ကြီးကျေးရွာအုပ်စုတို့ရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၉၈)ဉီးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့မရပ်ကွက်နေ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၄၇)ဉီး၊ အောင်ဆန်းရပ်ကွက်နေ ဘိုးဘွား(၂၇)ဉီး၊ ဒေါင့်ကြီးကျေးရွာအုပ်စုနေ ဘိုးဘွား (၂၄)ဉီးတို့အား တစ်ဉီးလျှင်ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသန်းချစ်အေး၊ လူမှုဝန်ထမ်းဉီးစီးဌာန ဉီးစီးမှူးဒေါ်ခင်အေးသောင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်သွား၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)