သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း အခြေခံပညာကျောင်းများ တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၁၀:၀၀နာရီက အမှတ်(၄)၊ အခြေံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက သောင်ဇားကျေးရွာအုပ်စု၊ ဘိုးတ‌‌ကျေးရွာ ဓမ္မသုခကျောင်း တန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။
ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
Oct 04,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံကွန်ပျူတာသင်တန်း (Basic Computer Course) ဖွင့်ပွဲကို
ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်
Oct 04,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းတို့အား ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ​ဆောင်ရွက်
Oct 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်က လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့သည်။
ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ စက်ဆန်းနယ် မြေမီးသတ်စခန်းတွင် ဒေသတွင်းရှိ ပြည်သူများ၏ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး၊ သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေး၊ ပြည်သူများ၏အကျိုးကို လက်တွဲညီစွာဖြင့် ကူညီဆောင်ရွက်နိုင်စေရေးတို့ကို ရည်ရွယ်ကာ ယမန်နေ့ နံနက်(၁၀)နာရီ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်သည်။
ကျောက်တံတားမြို့နယ်တွင် စာပေဖတ်ရှုမှုအလေ့အထဖြစ်စေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁:၀၀)နာရီတွင် မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ
Oct 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။