သတင်းများ

မိုင်းယန်းမြို့၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Oct 04,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစား‌ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ
Oct 04,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဇနိန္ဒအရှင် သူမြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်(၃၄)ပါး ကြွရောက်ချီးမြှင့်တော်မူကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန Home Garden မှ ထွက်ရှိသော မှိုနှင့်  အခြားဟင်းသီးဟင်းရွက်များ Mobile စနစ်ဖြင့် လှည့်လည်ရောင်းချ
Oct 04,2022
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန Home Garden မှ ထွက်ရှိသော မှိုနှင့်  အခြားဟင်းသီးဟင်းရွက်များကို Mobile စနစ်ဖြင့် မုံရွာမြို့ပေါ်ရှိပြည်သူများအတွက် လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တိုင်းဒေသကြီး၊ ခရိုင်မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
လပွတ္တာမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကျင်းပ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံရေး ကျောင်းမုန့်ဆိုင်းများ ကွင်းဆင်းစစ်ဆေး
Oct 04,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းမုန့်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီကဆောင်ရွက်သည်။
ဖျာပုံမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မှီရေး၊ စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် တောင်သူပညာပေး ရက်တိုသင်တန်းဖွင့်
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်သော စိုက်ပျိုးရေးဝန်ထမ်းများက ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧက​ပြည့်မှီရေးနှင့် စပါးဖျက်ပိုး ကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် ရည်ရွယ်၍ တောင်သူပညာပေး ရက်တိုသင်တန်းကို ယမန်နေ့ နေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက်သည်။