မချမ်းဘော့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

မချမ်းဘော့ အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်ရေး၊ လက်များ မကြာခဏ ဆေးကြောခြင်းနှင့် လူစုလူဝေးရှိရာ နေရာများသို့ သွားလာခြင်းများ မပြုလုပ်ကြရန် အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့်နှာခေါင်းစည်း) အခမဲ့ဖြန့်ဝေခြင်းများကို စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီက မြို့မစျေးနှင့် ဂူဘားလမ်းလမ်းဆုံတို့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာ​ပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းဦးဆောင်မှုဖြင့် မြို့နယ် ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအား ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးပြီး Mask(ပါးစပ်နှင့်နှာခေါင်းစည်း) ၇၀၀ ခု အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)