သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့
Oct 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ နန်းတော်ကျွန်း ကျေးရွာ အုပ်စု၊ ထူးကျေးရွာနှင့် ငှက်တော်ကုန်းကျေးရွာတို့တွင် လူနေအိမ်အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် ယနေ့နံနက် က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း
Oct 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ သုတ/ရသစာအုပ်များ ယနေနံနက် ၁၀နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask Campaign) အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 04,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ချီဖွေမြို့ဈေးအတွင်း ဈေးရောင်းသူ၊ဈေးဝယ်သူများထံ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (Booster Dose)ထိုးနှံပြီးသူ(၂၂၁၀၈)ဦး ထိုးနှံပေးပြီးဖြစ်
Oct 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် စဉ့်ကိုင်ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စုအလိုက် စုရပ်နေရာများတွင် စတုတ္ထအကြိမ် (Booster Dose)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၄)ရက်နေ့အထိ (Booster Dose)ထိုးနှံပြီးသူ (၂၂၁၀၈)ဦးထိ ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့ကျွဲခြံကုန်းကျေးရွာတွင် ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား
Oct 04,2022
 မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ ကားပစ္စည်းဟောင်းများထားရှိသော ဂိုဒေါင်တစ်လုံးတွင် ယနေ့နံနက် ၇ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁ဝး၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်
Oct 04,2022
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန် က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။