တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

တောင်ဥက္ကလာပ   အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁ဝး၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်း က  ပြည်သူများအသိပညာဗဟုသုတရရှိ စေရန်  (Talk Show) များအား Online မှတဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး၊ သင်္ဃန်းကျွန်းခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်တင်မမလေး က ကလေးအလုပ်သမားအဓိပ္ပာယ်နှင့် ကလေးအလုပ်သမားအသက်အရွယ် ပိုင်းခြားထားမှုများ၊ ကလေးအလုပ်သမားတွေ အရွယ်မတိုင်မီ လုပ်ငန်းခွင်ထဲရောက်ရှိလာသော အကြောင်းအရင်းများ၊ ကလေးအလုပ်သမား လျော့နည်း၊ ပပျောက်ရေးအတွက် နိုင်ငံတော်အနေနဲ့ ဆောင်ရွက်မှုများကို အသိပညာဗဟုသုတရရှိရန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမား လျော့နည်း၊ ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ၂၀၁၈ ခုနှစ်မှ ၂၀၃၃ ခုနှစ်ထိ (၁၅)နှစ်ကာလ လျာထားပြီး ပထမ()နှစ်စီမံချက် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အား ဦးစားပေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကလေးအလုပ်သမား လျော့နည်း၊ ပပျောက်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ မိဘ(သို့)အုပ်ထိန်းသူ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်မိ/ရပ်ဖများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)