စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (Booster Dose)ထိုးနှံပြီးသူ(၂၂၁၀၈)ဦး ထိုးနှံပေးပြီးဖြစ်

စဉ့်ကိုင်   အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် စဉ့်ကိုင်ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စုအလိုက် စုရပ်နေရာများတွင် စတုတ္ထအကြိမ် (Booster Dose)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၄)ရက်နေ့အထိ (Booster Dose)ထိုးနှံပြီးသူ (၂၂၁၀၈)ဦးထိ ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ(Booster Dose )ကာကွယ်ဆေးများထိုး နှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့်    ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ၊ Hand  Speaker များဖြင့်လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊   ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ  အတိုင်းလိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး  အောက်တိုဘာ(၄)ရက်နေ့အထိ အသက် (၁၈) နှစ်အထက်    ကာကွယ်ဆေးထိုးနှံပြီးသူ First Dose (၈၅၈၉၄)ဦး ၊Second Dose (၇၆၉၅)ဦး၊  Third Dose (Booster Dose) (၂၂၁၀၈)ဦး၊ စတုတ္ထအကြိမ်(Booster Dose) (၁၀၄၅ )ဦး အား  ထိုးနှံပေးပြီးဖြစ်ရာ    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများ ကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)