သတင်းများ

တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဆီထွတ်သီးနှံ နေကြာစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးစစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ဆီထွတ်သီးနှံ (နေကြာ)မျိုးစေ့ရရှိရေး စိုက်ဧကပြည့်မီရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀:၃၀ အချိန် က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ မီးသတ်စွမ်းရည်များ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် မီးသတ်စခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ တစ်ပေခန့် ဆက်လက် ရေကျော်လျက်ရှိ
Oct 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများ ရှိခဲ့၍ ယမန်နေ့က ညနေပိုင်းကစပြီး တမံရေပြည့်မှတ် ၃၄၀ အထက် သုည ဒသမ ၃ ပေ ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာ ယနေ့နံနက် ၆ နာရီအချိန် ထပ်မံတိုင်းထွာရာ၌ တမံရေပြည့်အမှတ်အထက် တစ်ပေခန့် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံမှ သိရသည်။
အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁)ဦးအား လူမှုရေးပင်စင် ငွေများ သွားရောက်ထောက်ပံ့
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်း က အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၂၁) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၃၀၀၀၀/-) ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
အသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
Oct 04,2022
ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ သက်ပြည့်အငြိမ်းစားယူခဲ့သော အသက်(၇၀)ကျော် ဆရာ ကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် mask များဖြန့်ဝေခြင်းဆောင်ရွက်
Oct 04,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက်သွားလာကြသည့် ပြည်သူ့များအား  maskနှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်  ၈နာရီခွဲချိန်က  အမှတ် ၃ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင်  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့နယ် စံပြကျေးရွာအနောက်စုကြီးတွင် အဆင်မြင့် စက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီး (စံပြ)ကျေးရွာတွင် အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသင်တန်းကျောင်း(ပုသိမ်) တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားအား  အဆိုပါကျေးရွာရှိ ကရင်အမျိုးသားစာပေ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။