သတင်းများ

မြောက်ဉက္ကလာပမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပ
Oct 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉:၀၀ အချိန်က မြို့နယ်စာရေးဆရာများနှင့် စာပေ ချစ်သူများ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြသည်။
သာကေတမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ညနေ (၄:၀၀)နာရီအချိန် တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်
Oct 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီက အ.ထ.က(ခွဲ) (လ-၂) ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်
Oct 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Oct 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့၌ ရဟန်းသံဃာတော်များအား(၁၂) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကျင်းပ
Oct 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စ အဆင်ပြေစေရေး အတွက် ဆွမ်း၊ ဟင်းများ လောင်းလှူခြင်းကို ရွှေဘုန်းပွင့် ဓမ္မာရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။