ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း

ညောင်ဦး  အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ သုတ/ရသစာအုပ်များ ယနေနံနက် ၁၀နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာ ကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များ၊ ပုံပြင်စာအုပ်များနှင့်ဝတ္ထုစာအုပ်များအား ဦးကြည်ဝင်း စာရေး ဆရာ(ကာတွန်း ကြည်ဝင်း)ကလှူဒါန်းရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်ဇင်ယုခိုင်မှလက်ခံရယူ သည်။ ဦးကြည်ဝင်း စာရေးဆရာ(ကာတွန်း ကြည်ဝင်း)မှလှူ ဒါန်းသည့် စာပေမျိုးစုံ (၆၀) အုပ်အား ပြည်သူ့စာကြည့်တိုက်လှူဒါန်းစာအုပ်တွင် စာရင်းရေးသွင်းခြင်း၊ တိုက်ပိုင်ရေးသွင်းခြင်း၊ ရာစုရေးသွင်းခြင်းနှင့်ကတ်တလောက်ရေးသွင်းခြင်းများပြုလုပ်ပြီး ညောင်ဦးမြို့နယ် အတွင်းရှိ စာပေချစ်သူများအား ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း စာကြည့်တိုက်တာဝန်ခံ ဒေါ်ဇင်ယုခိုင်က ပြောကြား၍သိရကာ စာအုပ်များ တန်ဘိုး(၁၁၃၀၀၀)ကျပ်တန်ဖိုး လှူဒါန်းခဲ့ ကြောင်းသိရသည်။ 

ကိုကြေးမုံ