ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်

ပုဇွန်တောင်  အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်   မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် ယနေ့နံနက် က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်ဈေးများရှိ ပျံကျဈေးသည်များနှင့်ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Mask နှင့် Face Shield အကာများကို တပ်ဆင်ရန်၊ စျေးရောင်းသူများသည် စျေးဝယ်သူအများအပြားနှင် နီးကပ်စွာထိတွေ့နေရသဖြင့် အကာအကွယ်ရရှိစေရန်၊ စျေးဝယ်သူများအနေဖြင့်လည်း စျေးသို့မလာမှီကပင် မိမိဝယ်ယူမည့် ပစ္စည်းအမျိုးအမည် နှင့်အရေအတွက်ကို ကြိုတင်စာရင်းပြုလာစေရန်၊ စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူမည့်ပစ္စည်းများအား အမြန်ဝယ်စေရန်၊ အသက်အရွယ်ကြီးသူများ ရောဂါအခံတစ်မျိုးမျိုး ရှိသူများအနေဖြင့် စျေးရောင်းခြင်း စျေးဝယ်ခြင်းများ မပြုလုပ်စေရန်၊ နေ့တိုင်းစျေးဝယ်မထွက်ပဲ ဖြစ်နိုင်ပါက ၂ရက် တစ်ခါ ၃ရက်တစ်ခါသာ စျေးဝယ်ထွက်စေရန်၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများအကြား ကိုဗစ် ၁၉ ရောဂါ မဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်