သတင်းများ

မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်းများစာရင်းနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 05,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်းများစာရင်းနှင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ တောင်သူလက်ဝယ်ရောက်ရှိပြီး လုပ်ငန်းစတင်အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်
Oct 05,2022
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏(၅/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ဒလမြို့နယ် Community Center ခန်းမ၌ ကိုဗစ်-၁၉ နှင့် ဆေးလူမှုလုပ်ငန်းအတွေ့အကြုံများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့်ပူပေါင်း၍ စာရေးဆရာဖေနှင်းငွေရေးသားသည့် ကိုဗစ်-၁၉နှင့် ဆေးလူမှုလုပ်ငန်းအတွေ့အကြုံများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှုအောင်မြင်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က အလိုတော်ပြည့်ဘုရားကြီးရင်ပြင်တော်ရှိ တန်ဆောင်းတော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Oct 05,2022
ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦး လွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ (ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး) ဦးသန့်ဇော်ဦးက တက်ရောက်အမှာစကားပြောကြား သည်။
ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ကျင်းပ
Oct 05,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က  ပြုလုပ်ခဲ့သည်။
ခရမ်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်း ကျင်းပ
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီက အဆိုပါကျောင်း၏ စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။ 
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Oct 05,2022
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကိုမျှော်တွေး၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကိုသွားရောက်၍ သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။