ချီဖွေ အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ချီဖွေမြို့ဈေးအတွင်း ဈေးရောင်းသူ၊ဈေးဝယ်သူများထံ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်။
ထိုသို့ Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဇောင်းရယ် ဦးဆောင်၍ ဝန်ထမ်းများသည် မြို့မဈေးတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အား ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာတွင် နှာခေါင်းစည်းများ (Mask) စနစ်တစ်ကျ တပ်ဆင်၍ ရောင်းချပေးရန်၊ ဈေးဝယ်သူများအနေဖြင့်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဝယ်ယူကြရန်၊ ဒေသခံမိဘပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာကြ ရန် နှိုးဆော်အသိပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း မရှိသူများကို (Mask) များ အခမဲ့ဖြန့် ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား သည့် စည်းမျည်းစည်းကမ်းများကို လိုက်နာကြရန် အသိပညာပေးခြင်းများဆောင်ရွက်ပြီး ဈေးအတွင်း/ အပြင်နှင့် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားပြည်သူများထံ နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မေခမွန်(ပြန်/ဆက်)