မော်လမြိုင်မြို့ကျွဲခြံကုန်းကျေးရွာတွင် ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား

မော်လမြိုင် အောက်တိုဘာ ၄

 မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ ကားပစ္စည်းဟောင်းများထားရှိသော ဂိုဒေါင်တစ်လုံးတွင် ယနေ့နံနက် ၇ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ကားတံခါး အဟောင်းပျက်ပေါ်တွင် ဖယောင်းတိုင်မီးထွန်းရာမှ ဖယောင်းတိုင်လဲကျ၍ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး  မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ ကား(၂)စီး၊ စခန်းခွဲ(မြိုင်သာယာ)မှ သန္ဓေကား (၂)စီးနှင့် အရန်(၁)စီး၊ စခန်းခွဲ(ဈေးကြို)မှ ကား(၂)စီး၊ ဒေသခံ လူမှုကယ်ဆယ်မှ ကား (၂)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် ဂိုထောင်အတွင်းရှိ ကားပစ္စည်းဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်