သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ ကမင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း မင်္ဂလာဒုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် နေရာ(၃)နေရာခွဲ၍ ရောင်းချပေး
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက အခြေခံစားသောက် ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် နေရာ(၃)နေရာခွဲ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဟိုပန်ကျေးရွာအုပ်စု၊ နမ့်မော်ငင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ပူးပေါင်းပြီး ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က နမ့်မော်ငင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 23,2022
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပန်လုံမြို့၊ မြို့မဈေးတွင် Mask Campaign ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Sep 23,2022
တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၂)ခုတွင် ဆောင်ရွက်ခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (community centre ) ၌ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်ရည်ရွယ်၍  ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင်
မက်မန်းမြို့၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နံရံကပ်စာစောင်ပြသခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင်