သတင်းများ

အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ရန်ကုန်-မန္တလေးလမ်း၊ အုတ်တွင်းမြို့အထွက် Toll Gate နေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် သရက်သုံးပင်ရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 23,2022
ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သရက်သုံးပင် အုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစု‌ပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များညှိနှိုင်းဆွေးနွေး
Sep 23,2022
ကချင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝ အလှအပရှုခင်းများ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝအခြေခံ သည့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
လှိုင်းဘွဲမြို့နယ်ပေါ်ရပ်ကွက်များအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေးအပ်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်မည့် အသင်းများအား ကြိုဆို မိတ်ဆက်
Sep 23,2022
၂၀၂၂ ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 23,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်ဘီးကျေးရွာတွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် လိုအပ်သော အာဟာရများကို ရရှိစေရန်အတွက် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ကွမ်ဘီကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။