ထန်းတပင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင်(ပဲခူး)   စက်တင်ဘာ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိဦးမင်းမင်းမောင်က လူကုန်ကူးမှုနှင့်ပတ်သက်သောအကြောင်းအချက်များ၊ လူကုန်ကူးရောင်း၀ယ်မှုအခြေအနေနှင့်အမျိုးအစားများ၊ လူကုန်ကူးမှုကာကွယ်ရေးဥပဒေမှပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရာတွင်ပြည်သူများမှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြစေရန်စသည်တို့ကို ရှင်းလင်းဟောပြောကာ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးကို လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှသိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)