ဟိုပန်ကျေးရွာအုပ်စု၊ နမ့်မော်ငင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကာလိ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ပူးပေါင်းပြီး ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က နမ့်မော်ငင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက ကျောင်းသား/သူ လူငယ်များ သိသင့်သိထိုက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးအကြောင်းအရာများ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ရဲမင်းဟိန်းက မီးဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးအကြောင်းအ‌ရာများနှင့် သက်ဆိုင်ရာဌာနအကြီးကဲများမှ ကျောင်းသား/ သူများ လူငယ်နှင့်ဆိုင်သည့် အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူ များအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာပေများဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ရှိစေရန် စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)