မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (community centre ) ၌ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

မက်မန်း  စက်တင်ဘာလ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်ရည်ရွယ်၍  ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဉမ္မာချိုနှင့် ဝန်ထမ်းများက အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပူစီးဖောင်းသယ်ခြင်းနှင့် ခါးကွင်းလှည့်ခြင်း ကစားနည်းများကို ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဉမ္မာချိုနှင့် မက်မန်းမြို့နယ်အမျိုးသမီးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်၍ လိမ္မာရေးခြားရှိစေရေးအတွက် ဟောပြောခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)