ကျောက်ဆည် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက အခြေခံစားသောက် ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် နေရာ(၃)နေရာခွဲ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူသူများအဆင်ပြေစေရေး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ခရိုင်အဆင့်ဌာနဆိုင်ရာဦးစီးဌာနရုံး(၃၃)ရံးမှ ဝန်ထမ်း(၇၄၁)ဦး၊ အမှတ်(၁)အခြေခံအထက်တန်းကျောင်းတွင် အခြေခံပညာရေးဦးစီးဌာနမှ ပညာရေးဝန်ထမ်း(၁၀၀၀)ဦးနှင့် မြင်စိုင်ကျေးရွာအုပ်စု၊ အမှတ်(၁)ရပ် ကွက်တွင် အိမ်ထောင်စု(၈၀၀)စုအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့အနေဖြင့် စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်အရည် အသွေးနှင့်စံချိန်စံညွှန်းပြည့်မီစွာဖြင့် ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများ ပြည်သူများလက်ဝယ်သို့ မြန်ဆန်စွာရောက်ရှိရေး စဉ်ဆက်မပြတ်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
သက်မောင်