အင်းစိန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ ကမင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း မင်္ဂလာဒုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လှည်းကူးမြို့နယ်၊ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေခဲ့ပြီး အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က အမှားစကားပြောကြားပြီးနောက် မြောက်ပိုင်းခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသင်းမာလာက ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက်(၄)ဘာသာ ဂုဏ်ထူးရှင်(၁၄၁)ဦးအား စီမံအုပ်ချုပ်ရေးအဖွဲ့အင်းစိန်ခရိုင်ဥက္ကဋ္ဌ ဦးသန့်ဇင်၊ တိုက်ကြီးခရိုင်ဥက္ကဋ္ဌဦးမြဝင်း၊ လှည်းကူးခရိုင်ဥက္ကဋ္ဌဦးအောင်ကျော်ညွန့်၊ မှော်ဘီခရိုင်ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် မင်္ဂလာဒုံခရိုင်ဥက္ကဋ္ဌဦးကောင်းညွန့်တို့က ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မှ ကျောင်းသူလေးတစ်ဦးက တပင်တိုင်အကဖြင့် ကပြဖျော်ဖြေခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက်(၃)ဘာသာဂုဏ်ထူးရှင် (၂၂၃)ဦးအား မြောက်ပိုင်းခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသင်းမာလာ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အင်းစိန်ခရိုင်အဖွဲ့(၁) ဒုတိယဗိုလ်မှူးကြီးနေသွေး၊ တိုက်ကြီးခရိုင်အဖွဲ့(၁) ဒုတိယဗိုလ်မှူးကြီး လွင်မင်းရှိန်၊ လှည်းကူးခရိုင်အဖွဲ့(၁) ဒုတိယဗိုလ်မှူးကြီးနန်းထက်ဝင်း၊ မင်္ဂလာဒုံခရိုင်အဖွဲ့(၁) ဒုတိယဗိုလ်မှူးကြီး သိုက်ထွန်းနှင့် အ.ထ.က(၂)မင်္ဂလာဒုံမှ ဒုတိယဗိုလ်မှူးကြီးရဲမြင့်အောင်တို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက်(၂)ဘာသာ ဂုဏ်ထူးရှင်(၄၅၇)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၁၈၆၄)ဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် တေးသရုပ်ဖော် တင်ဆက်ခဲ့ကြကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)