သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၌ လူမှုကူညီရေးအသင်းများအား PPE ဝတ်စုံနှင့် Level-2 ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်၊ မီးသတ်ဦးစီးဌာနရုံးတွင် လူမှုကူညီရေးအသင်းများအား PPE ဝတ်စုံနှင့် Level-2 ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌  ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့အထိမ်းအမှတ် Talk Show ကျင်းပ
Sep 23,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာမပေါက်ပေါက်နှင့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်နှင့်ရပ်ကွက်နေပြည်သူများအား ယာယီအခန်းဖွင့်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းအကြိမ်ထိုးနှံပေး
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး
Sep 23,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း ဇေယျာသီရိမြိုနယ်အတွင်းရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ကင်းစိန်စျေးအရှေ့ကျေးရွာရှိ မင်္ဂလာရာမာစံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် လက်ဝယ်အရောက်စာအုပ်များ ငှားရမ်းပေး
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများစာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်ကို နောင်အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်ရန်ရည်ရွယ်၍ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်း၌ ရွှေသီးနှံ မက္ကဒေးမီးယားစိုက်ပျိုး
Sep 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌  မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထောက်အပံ့ဖြင့် ရွှေသီးနှံ မက္ကဒေးမီးယား ၂၁၅၀ ပင် စိုက်ပျိုးပြီးကြောင်း၊ ကျန်ရှိသော ပျိုးပင်များကို လာမည့်မိုးရာသီတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။