သတင်းများ

အုတ်တွင်းမြို့နယ်၌ ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက်၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက်၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းစာသင်တိုက်ရှိ သူရိန္ဒာရာမဓမ္မဗိမာန်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများနှင့် တွေ့‌ဆုံဆွေးနွေး
Sep 23,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က Contract Farming အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
­­­­မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀) ကျော်အား စားသောက်ကုန်များထောက်ပံ့
Sep 23,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀)ကျော်အတွက် အခြေခံစားသောက်ကုန် (၆)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်း များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
ကျောက်ကြီးမြို့နယ်၌ တိုက်ပွဲရှောင်လာရောက်နေသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင်လာရောက်နေသူများအား ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးရပ်ကွက်၊ မြို့တွင်းဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံနှင့် သိမ်တန်းရပ်ကွက်က သစ်ဝိုင်းဓမ္မရိပ်သာဓမ္မာရုံတို့တွင် စုရပ်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်
Sep 23,2022
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Club အသင်းတို့ပူးပေါင်း၍ စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)ရေးသားထားသော “ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် အ.ထ.က (ခွဲ) လမ်းသမိုင်ရွာလေး ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 23,2022
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က (ခွဲ) လမ်းသမိုင်ရွာလေး ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Sep 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊