ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်

ပန်လုံ  စက်တင်ဘာ   ၂၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပန်လုံမြို့၊ မြို့မဈေးတွင် Mask Campaign ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပန်လုံမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက စီစဉ်ကြီးကြပ်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာ ရေးအဖွဲ့နှင့် ရပ်/ကျေးစာရေးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်လုံမြို့၊ မြို့မဈေးတွင် ရပ်နီး/ရပ်ဝေးမှ ဈေးရောင်း၊ ဈေးဝယ်လာရောက် သည့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီသွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း(Mask)  များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပန်လုံပြန်/ဆက်