မက်မန်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နံရံကပ်စာစောင်ပြသခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြသထားသည်။
ထိုသို့ပြသရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် လိုက်နာရန် ညွှန်ကြားချက်များ၊ ဒေသန္တရထုတ်ပြန်ချက်များ၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများတပ်ဆင်၍ သွားလာကြရေး၊ ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု မှတ်တမ်း ဓာတ်ပုံများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ကျေးရွာနှင့် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ လှည့်လည်ဆောဩမှု မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှုသူများစိတ်ဝင်စား ဖွယ်ဖြစ်အောင် ဆောင်းပါးများ၊ ထုတ်ပြန်ချက်များ၊ မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာပြသထားကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်