စဉ့်ကိုင်မြို့နယ် ကသဲကုန်းကျေးရွာ၌ မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Sep 23,2022
နိုင်ငံတော်အစိုးရ၏ ပြည်သူများဆီစားသုံးမှု ဖူလုံရေးစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့် ဒေသခံတောင်သူများပူးပေါင်း၍ ကသဲကုန်းကျေးရွာတွင် (၁၅) ဧကစမ်းသပ်စိုက်ပျိုးခဲ့ကြရာ ရေဆင်း-၁(စပ်မျိုး)မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။