သတင်းများ

ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဘားအံမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး
Sep 23,2022
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခြင်းကို ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် စစ်ဆေးပေးကြောင်း သတင်းရရှိသည်။
အ.ထ.က မိုင်းနောင်ကျောင်းတွင် KG တန်းကလေးငယ်များ စျေးရောင်းခြင်းသင်ခန်းစာ လက်တွေ့ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် KG တန်း သားငယ်၊ သမီးငယ်များအား စျေးရောင်းခြင်းသင်ခန်းစာကို လက်တွေ့ဆောင်ရွက်ပြသခြင်းကို ယမန် နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် တီဘီ၊ သွေးတိုး၊ ဆီးချိုနှင့်အခြားအထွေထွေရောဂါမျာအား (အခမဲ့)ကွင်းဆင်းကုသပေးခြင်း လုပ်ငန်းများဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အောင်ဆန်း(တီဘီ)ဌာနမှ ဒေါက်တာဒေါ်စောနွဲ့နွဲ့မြင့်၊ နယ်လှည့်(တီဘီ)ရောဂါရှာဖွေရေးဌာနမှ ဒေါက်တာရန်ရှင်းအောင်နှင့်
လှိုင်းဘွဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Moblile စနစ်ဖြင့် စာအုပ်၊စာစောင်များ လှည့်လည်ငှားရမ်းပေး
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
မဟာ‌အောင်မြေမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Sep 23,2022
 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာဦးဆန်းဦး မင်းလပြည့်(ဟားခါး)၏ “မိုးယံထက်ကအလှပန်းများနှင့်အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးရိုးဗီဇကွဲ ရောဂါပိုးအသစ်များကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် လူစည်ကားရာလမ်းများတွင် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးရိုးဗီဇကွဲရောဂါပိုးအသစ်များ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် လူစည်ကားရာလမ်းများတွင် ကလိုရင်းပိုးသတ်ဆေးရည်များအား လိုက်လံဖျန်းပက်ခြင်းကို ယမန်နေ့(၉:၃၀)အချိန်မှစတင်၍ မီးသတ်ရေသယ်ယာဉ်ဖြင့် လူစည်ကားရာနေရာများ၊ လမ်မကြီးများ ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်  ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။