ကျိုက်လတ် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ (၁၉)ဖြတ်လမ်းနှင့် ဦးစန္ဒာ လမ်းမကြီးထိပ်နှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များတပ်ဆင်ရေး၊ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ပါက မဖြစ်မနေ (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်မှ ပြန်လာပါက လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး စသည့် အကြောင်းအရာများအား (Hand Speaker)ဖြင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)