လှိုင်းဘွဲ စက်တင်ဘာ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်သူများ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်နန်းမြက ကျား/မရေးရာဆိုင်ရာ တန်းတူအခွင့်အရေးရှိခြင်း၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် နိုင်ငံတော်မှ လှုပ်ရှားဆောင်ရွက်မှုများ၊ အမျိုးသမီးများ အကြမ်းဖက်မှု မရှိစေရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေများ၊ အရေးယူဆောင် ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရှောင်ကြည်ရမည့်အချက်များ၊ အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်အကြောင်းအရာများကို အသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)