နတ်တလင်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နတ်တလင်းခရိုင်(၄)မြို့နယ်၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့မရပ်ကွက်ရှိ မိုးလုံလေလုံဖူဆယ်အားကစားကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲတွင် နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အားကစားသမားများကို လက်ဆွဲနူတ်ဆက်အားပေးစကားပြောကြား၍ ယနေ့စတင်ယှဉ်ပြိုင်ကြသည့် သဲကုန်း(က)အသင်းနှင့် နတ်တလင်း(ခ)အသင်းပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။
ဖူဆယ်ပြိုင်ပွဲတွင် နတ်တလင်း(က)၊ နတ်တလင်း(ခ)၊ နတ်တလင်း(ဂ)၊ နတ်တလင်း(ဃ)၊ ပေါင်းတည်(က)၊ ပေါင်းတည်(ခ)၊ ဇီးကုန်း(က)၊ ဇီးကုန်း(ခ)၊ သဲကုန်း(က)၊ သဲကုန်း(ခ)အသင်းတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း(၁ဝ)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဒိုင်လူကြီးများက ဖူဆယ်ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြိုင်ပွဲများကိုကြီးကြပ်ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများဆုများ အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)