မိုင်းဖြတ်မြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေး အသိပညာပေးနှိုးဆော်

မိုင်းဖြတ်  စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကူးစက်​ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈နာရီက  ယန်းခမ်းကျေးရွာနှင့်  ဝမ်မိုင်ရပ်ကွက် များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက

စာထောက်-၃ ဒေါ်နန်းကောင်ခမ်းနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းများ၊ မိသားစုများ၏ ကျန်းမာရေးအတွက် ပေါ့ဆမှုမရှိစေရန်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေသည့် အခြေအနေများ၊ မိဘပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိခြင်းဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်​နိုင်မည်ဖြစ်ကြောင်း  စသည့်အချက်များကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာ​ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထားသည့် ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွား သူ၊ ​ရောဂါ​ကြောင့်​သေဆုံးသူတို့တွင် ကိုဗစ်-၁၉​ရောဂါကာကွယ်​ဆေး ထိုးနှံထားရှိမှုအ​ခြေအ​နေနှင့် ပတ်သက်၍ ကနဦး ဆန်းစစ်​တွေ့ရှိချက်များကို အသိ​ပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)