မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောစျေးနှုန်းများဖြင့် မြို့ပေါ်ရှိရပ်ကွက်များအား လှည့်လည်ရောင်းချပေး

မိတ္ထီလာ  စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းများဖြင့် ယနေ့နံနက်က ဝန်ဇင်းရပ်ကွက်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာမြို့ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များက မိတ္ထီလာမြိုပေါ်ရှိရပ်ကွက်နေ ပြည်သူများအား အခြေခံစားကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည် ၁၄၀၀ ကျပ် ၊ စားအုန်းဆီ (၅၀)ကျပ်သား တစ်ဘူး ၂၇၅၀ ကျပ်၊  ကြက်ဥ (၇) လုံး ၁၂၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိ သည်။ ၎င်းအပြင် ဆီသွတ်ဘူး၊ အသားဘူးများနှင့် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ ဂေါ်ရခါးသီးတို့ကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။ 

မိတ္ထီလာတပ်နယ်မှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာမြို့အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ မိတ္ထီလာမြို့ပေါ်ရှိရပ်ကွက်များသို့ သြဂုတ်လမှစတင်၍ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး သက်သာသောနှုန်းထားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)